ဒီတစ်ခါ အပေါ်က ခေါင်းစီးလေးကို ခပ်ညံ့ညံ့လေး ပြန်ရှယ်ပြချင်ပါတယ်ဗျာ window7 အတွက်သာပါ
သိပြီးသားမိတ်ဆွေဆိုရင် ပြောပြစရာလည်း မလိုတို့လို မသိသေးတဲ့ မိတ်ဆွေများအတွက်သာ
ပြန်ရှယ် လိုက်တာပါနော် ကျွန်တော်လည်း ဆရာကြီးမဟုတ်သေးပါဘူး သင်ယူဆဲ လေ့လာဆဲ
ပါဗျာ ဒါကြောင့်မိုလည်း သူငယ်ချင်းမိတ်ဆွေတို့ သိထားတာတွေကိုလည်း သင်ကြားပေး ကြပါလို့
ဒီ post လေးရေးရင့် တောင်းဆိုချင်ပါတယ်ဗျာ
ကဲ့ဗျာ စကားရှည်လို့ လိုရင်း မရောက်ဖြစ်နေပါပြီ စလိုက်ကြရအောင်နော် Change Start Menu power button အတွက် ပထမ Keyboard ပေါ်က window KEY + R - KEY ကိုတွဲနှိပ်ပြီး ပေါ်လာသော Run BOX
မှာ gpedit.msc လို့ရေးထည့်လိုက်ပါ OK လုပ်လိုက်ပါ အခုကျွန်တော် ညွှန်ပြမယ် စာကြောင်းတွေကို အသေချာ ဖတ်စေချင်ပါတယ်
User Configuration + Administrative Templates + Start Menu and Taskbar ဒါဆိုရင် အောက်ပါ BOX လိုကျလာရင်

အခုကျွန်တော် မြှားပြထားတဲ့ နေရာကလို Change Start Menu power button တွေရင် နှစ်ချက် ဆက်တိုက်နှိပ်လိုက်ပါ အောက်ပါ BOX လိုထပ်ပြီ မြင်ရမှာပါ
အခုကျွန်တော် ဝိုင်းပြထားတဲ့ Enabled မှာအမှတ်ခြစ်ခဲ့ပါ နောက်တစ်ခု မြှားပြထားတဲ့ ပုံလေးကလို တြိဂံ လေးကို တစ်ချက်Click လုပ်လိုက်ပါ Shut Down နေရာမှာ မိမိကြိုက်နှစ်သက်ရာ တစ်ခုခု ကိုအစားထိုးပြီး OK Apply လုပ်ခဲ့ပြီး Start Menu က Shut Down နေရာကိုသွားကြည့်လိုက်ပါ မိတ်ဆွေအခုနက ရွေးပေးခဲ့တဲ့ အရာကိုတွေမြင်ရမှာဖြစ်ပါတယ်အမြင်ဆန်းတဲ့ Start Menu တစ်ခုကို အသုံးပြုနိုင်မှာပါ အားလုံးလည်းသုံးနိုင်ကြပါစေဗျာ...
No comments:
Post a Comment